Blog

မုန်တိုင်းသတိပေးနှိုးဆော်ချက်

 

 

၂၉.၅.၂၀၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် (ဝ၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ သံတွဲမြို့၏ အနောက်- အနောက်တောင်ဘက် (၁၂၈)မိုင်ခန့်၊ စစ်တွေမြို့၏ တောင်- အနောက်တောင်ဘက် (၁၂၅)မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၁၁၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် မုန်တိုင်းဖြတ်သန်းသွားနိုင်သောလမ်းကြောင်းများရှိ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်မီးသတ်စခန်းအသီးသီးတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ပြင်ဆင်ထားရှိပြီး ဖြစ်ပါသည်။

Credit:MFSD

 

July 17, 2018 News
About mmtrillion_admin