Blog

Class A Foam

Class A Foam (Bio for N) အား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သို့ 2015 ခုနှစ်တွင် ပြင်သစ်နိုင်ငံမှ ပညာရှင်နှင့်အတူ နည်းပညာ သုံးစွဲပုံ အကျိုးကျေးဇူးများ ကိုစတင်မိတ်ဆက်ခဲ့ပြီး Class A foam (Bio For N) အချို့ ကိုလှုဒါန်းခဲ့ပါသည်

Class A Foam (Bio for N) အား Biofoam ဟုအလွယ်ခေါ်ရခြင်းမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို မဖြသ်စေဘဲ အလွယ်တကူပျက်စီးနိုင် (Biodegradable)ဖြစ်ခြင်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်သည့် ဓာတုပစ္စည်း (Flouorine)မပါဝင်ခြင်းတို့ကြောင့်ဖြစ်ပါသည်

 

ဆီမီးငြိမ်းသတ်ရာတွင်အသုံးပြုသည့် အမြှပ်ဆေးရည် (Class B foam) သည် 2 D effect ဖြင်ုငြိမ်းသတ် ခြင်းဖြစ်ပြီး သာမာန်မီးလောင်မှု (Class A fire) ငြိမ်းသတ် ရာတွင် အသုံးပြုသည့် Class A Foam (Bio for N) သည် 3 D effect ဖြင့် ငြိမ်းသတ် ခြင်းဖြစ်ပါသည်

၎င်း၏ စွမ်းရည်မှာ ရေ၏စိုစွတ်မှု ကိုမြှင့်တင်ပေးခြင်း လောင်ကျွမ်းသည့်အရာဝထ္တုအတွင်းစိမ့်ဝင်ခြင်းဖြင့် မီးပြန်လည်လောင်ကျွမ်းမှုကို ကာကွယ်ပေးခြင်း ရေသုံးစွဲမှုကို နည်းစေခြင်းများဖြစ်ပါသည် <(Class B foam ) သည် အပေါ်တွင် အလွှာ ဖြစ်ခြင်းဖြင့်ဆီမီးလောင်မှုကိုထိနူ်ချုပ်ပါသည်

 

Class A foam အသုံးပြုနိုင်သည့်မီးအတန်းအစား များမှာ သစ်ပင် အမှိုက်ပုံ (landfill)မြက်ခြောက် သစ်တော အိမ် အဆောက်အဦး ဂိုဒေါင် လယ်တော ယာဉ် တာယာ ပလစတစ်

အသုံးပြုနိုင်သည့် ဆပွားနှုန်း Low/Medium/high expansion
ရေနှင့်ရောစပ်အသုံးပြုရမည့်ရာခိုင်နှုနူ်း ဝ.၁ ရာခိုင်နှုန်း (ရေ၁၀ဝ လီတာတွင် Class A foam 0.1 L ) သာအသုံးပြုရန်လိုအပ်သည် (Class B foam မှာ 3-6% အသုံးပြုရသည် /ရေ ၁၀ဝ လီတာတွင် foam 3L မှ 6 L ထိသုုံးရသည်)

 

သို့ဖြစ်ပါ၍ မီးငြိမ်းသတ်ရာတွင် အသုံးပြုသော foam propoetinoer(ရေ နှင့် အမြှပ်ဆေးရည် အချိုးရောစပ်သည့်ကိရိယာ) မှာ 0.1-1% အချိုးစပ်နိုင်သည့်ကိရိယာအသုံးပြုလျှင် foam အကုန်သက်သာပြီး ထိရောက်သောငြိမ်းသတ်မှုကို ရှိပါသည် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နှင့် ဂျပန်နိုင်ငံ မှ Fire & Disaster Management Agency တို့ပူးပေါင်းဆောင်ရွက်ခဲ့သည့် မီးသတ်တပ်ဖွဲ့ နည်းပညာ နှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်ရုံဆွေနွေးပွဲ မှ ရရှိသည့် သုံးသပ်ချက်များအရ Class A Foam များသုံးစွဲရန် နည်းပညာနှင့် ကိရိယာအချို့ အား ဖြည့်တင်းပြင်ဆင်ထားခဲ့ပါသည်

Class A foams lower the surface tension of the water, which assists in the wetting and saturation of Class A fuels with water. This aids fire suppression and can prevent reignition. Favorable experiences led to its acceptance for fighting other types of class A fires, including structure fires.m

July 17, 2018 News
About mmtrillion_admin