Blog

YPI အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား

 

ရန်ကုန် ၊ ဒီဇင်ဘာလ ၁၂ ရက်

ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ဝ၄း၄၅ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၉)ရပ်ကွက်၊ ကမာကြည်လမ်းရှိ Yangon Pan-Pacific International (YPI) အထည်ချုပ်စက်ရုံ၌ မီးလောင်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကမာကြည်တံတားအဆင်း YPI အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် level3 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်လျက်ရှိပါရာ နံနက် ဝ၆း၂၉ အချိန် တွင်မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ရာနေရာသို့ မီးသတ်ဦးစီးဌာနမှ အုပ်ချုပ်မှုယာဉ် ၃ စီး၊ မီးသတ်ယာဉ် ၂၀ စီးတို့ဖြင့် မီးငြှိမ်းသတ်လျက် ရှိပြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးလျက် ရဲတပ်ဖွဲ့ဝင်များက မီးလောင်သည့် နေရာအနီး၌ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကိုးကား
အင်တာနက်

 

July 17, 2018 News
About mmtrillion_admin